Thursday, October 16, 2008

တော်လိုက်တဲ့ဆရာဝန်

ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
"ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့" လို့ ပြောတော့ ဆရာဝန်က " ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့" လို့ ပြန်ဖြေသတဲ့။

Wednesday, October 15, 2008

ကျတော်မယုံတဲ့ ကောင်လေးရဲ့အချစ်..

ကောင်မလေး ။ဖြည်းဖြည်းမောင်းပါဟာ ငါကြောက်လာပြီ၊
ကောင်လေး ။ ပျော်စရာကောင်းပါတယ်၊
ကောင်မလေး ။မကောင်းပါဘူး ငါတကယ်ကြောက်လာပြီ၊
ကောင်လေး ။အဲဒါဆိုရင် ငါကိုချစ်တယ် လို့ပြော၊
ကောင်မလေး ။အင်း ငါ နင့်ကို ချစ်တယ်။ အရှိန်ရှော့တော့နော်၊
ကောင်လေး ။အခု ငါ့ကို နောက် ကနေ ခပ်တင်းတင်း ဖက်ထားပေး
ကောင်မလေးက နောက်မှ ကြင်နာမှု များဖြင့်ဖက်လိုက် သည်။
ကောင်လေး ။ နင် ငါ့ဦးထုပ် ကို ယူဆောင်း လိုက်ပါလား၊ ငါ အဲဒီဟာ ကြီး ဆောင်းရတာ ယားလာပြီ...


နောက်နေ့သတင်းစာထဲတွင် မော်တော်ဆိုက်ကယ်တစ်စီး ဘရိတ်မကောင်းမှု ကြောင့် အဆောက်အဦထဲ သို့ဝင် တိုက်မိကြောင်း၊ ထိုဆိုက်ကယ်ပေါ်တွင် လူနှစ်ဦး ပါရှိကြောင်း၊ သို့သော် တစ်ဦး သာ အသက်ရှင် ကျန်ရှိ ကြောင်း ပါ လာသည်။

အမှန်မှာ လမ်းတစ်ဝက်ကတည်းက ကောင်လေးသည် ဘရိတ်ပေါက်နေသည် ကို သိပေသည်၊ သို့သော်
သူ့ကောင်မလေး အားမသိစေချင်ခဲ့၊ ထို့အပြင် ကောင်မလေး ထံမှ ချစ်တယ် ဟူသော စကား နှင့် ယုယ မှု များကို နောက်ဆုံးအကြိမ်ခံယူ သွားကာ မိမိသေခဲ့လျှင်ပင်ကောင်မလေး အသက်ရှင်နိုင်ရန်ု ကောင်မလေး အား သူ့ဦးထုပ်ကို ဆောင်းစေခဲ့သည်။
ဒီဝတ္ထုလေးကို forward မေးလ်က ရတာပါ..ကောင်လေးက အဲဒီလို အနစ်နာခံပြီး ချစ်တတ်တယ်ဆိုတာ ဟုတ်ပမလားလို့ တွေးနေမိတာ။ ကျတော်ကတော့ မယုံဘူး။ ဘာလို့လဲဆိုတော့ ကောင်မလေးတွေကသာ ချစ်တတ်ကြတာ၊ အနစ်နာခံတတ်ကြတာ၊ ကိုယ့်ချစ်သူအတွက်ဆို ဘာမဆိုရင်ဆိုင်ရဲကြတာ။ ကောင်လေးတွေကတော့ အဲဒီလိုမဟုတ်ဘူးထင်တာပဲ။ ဖတ်လို့တော့ကောင်းပါတယ်။ အပြင်မှာလဲ အဲဒီအတိုင်းသာဆို ကောင်မလေးတွေ တော်တော်လွမ်းအားကောင်းမှာပဲနော်..

Monday, October 13, 2008

ချစ်သူ့ကဗျာ ဆိုတဲ့ကဗျာလေးကို မောင်လူဆိုးလေးအတွက် တင်ပေးလိုက်တာပါ။ ကဗျာကို မရေးတတ်ပါဘူး။ ဒါပေမယ့် အခု ချစ်သူ့ကဗျာလေးကို ချစ်သူကရေးပေးလို့ တင်လိုက်တာပါ။

ချစ်သူ့ကဗျာ

တွယ်တာမြတ်နိုး
တိတ်တခိုးနဲ့ 
ချစ်ကြိုးရစ်ပတ်
ချည်နွှယ်ယှက်လို့ 
လေးနက်စွာနဲ့ 
ချစ်မိပြီချစ်သူ....

Friday, October 10, 2008

တို့နှစ်ယောက် မေ့လို့မရတဲ့ ၂၇

ညလေးငယ် ...

အရာရာ ......

မနေ့တနေ့ကလိုပဲ
၂၇
ကိုယ်မှားတယ်
၂၇
ကိုယ်မှန်တယ်
၂၇
မင်းမှားတယ်
၂၇
မင်းမှန်တယ်
၂၇
မမေ့ဘူး
၂၇
လုံးဝ မမေ့ဘူး
၂၇
ဘယ်တော့မှ မမေ့ဘူး
၂၇
လွန်ခဲ့ပြီ
၂၇
လွမ်းတယ်
၂၇
ကျန်ခဲ့ပြီ ။ ဒါပေမဲ့
၂၇
ငါ့ရင်ထဲ ကျန်နေဦးမဲ့ .... အမြဲတမ်း
၂၇ ။

Sunday, October 5, 2008

သက်သေ

ခိုးမှုကျူးလွန်သော သူခိုးတစ်ယောက်ကို တရားသူကြီးက မေးခွန်းများ မေးနေလေသည်။
တရားသူကြီး။ ။ မင်း ပစ္စည်းခိုးတယ်ဆိုတာကို ၀န်ခံတယ်မဟုတ်လား?
သူခိုး။ ။ဝန်မခံပါဘူး
တရားသူကြီး။ ။ ဘာလို့ဝန်မခံတာလဲ။ မင်းခိုးတယ်ဆိုတာကို မြင်တဲ့ မျက်မြင်သက်သေ ၃ ယောက်လောက်ရှိတယ်။
သူခိုး။ ။ ဒါဆို ကျွန်တော် ခိုးတာကို မမြင်တဲ့ သက်သေ ၁၀၀ လောက်ရှိတယ်ဆိုရင်ကော။
တရားသူကြီး။ ။ ဟေ!

Saturday, October 4, 2008

ရှေ့နေအလုပ်

ငွေကြေးအမြောက်အမြားစုမိနေသော လူတစ်ဦးသည် မိမိသေဆုံးချိန်တွင် အဆိုပါငွေကြေးများကို မိမိနှင့်အတူ တစ်ပါတည်း ယူဆောင်သွားလိုသော ဆန္ဒပြင်းပြလျှက်ရှိရာ ရှေ့နေတစ်ဦးနှင့် တိုင်ပင်လေသည်။
အမျိုးသား။ ။ ကျွန်တော့်မှာ ငွေတော်တော်များများစုမိထားတယ်ဗျ။ အဲဒီငွေတွေကို ကျွန်တော်သေရင် တစ်ပါတည်း ယူသွားချင် တယ်ဗျာ။
ရှေ့နေ။ ။သြော်..အဲဒီတော့ ကျွန်တော်ဘာဆောင်ရွက်ပေးရမလဲ?
အမျိုးသား။ ။ ငွေတွေကို တစ်ခါတည်း ယူဆောင်သွားလို့ရအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ ခင်ဗျား ကျွန်တော့ကို အကြံပေးပါ။
ရှေ့နေ။ ။ အင်း..ဒီလိုလုပ်ဗျာ.. ခင်ဗျားငွေတွေကို ကျွန်တော့်ကိုပေးလိုက်။ ကျွန်တော်ဘဏ်မှာ သွားအပ်လိုက်မယ်။ ဘဏ်က လက်ခံဖြတ်ပိုင်း ခင်ဗျားကိုပေးလိုက်မယ်။ အဲဒီဖြတ်ပိုင်းကို ခင်ဗျားသေရင် တစ်ပါတည်း ယူသွားလိုက်ပေါ့။
အမျိုးသား။ ။ ဗျာ!

Tuesday, September 30, 2008

ကိုယ်တိုင်ဝန်ခံချက်

ကိုယ်တိုင်ကမရေးတတ်တော့လဲ သူများဘလော့တွေသွားဖတ်လိုက်၊ ကိုယ်ကြိုက်ရင် ကိုယ့်ဘလော့မှာတင်လိုက်၊ ဒါတွေနဲ့ပဲ ကျေနပ်နေရတာ။ အရင်တုန်းကတော့ ဘလော့နဲ့ ပတ်သက်ပြီး တိုင်ပင်ဖော် တိုင်ပင်ဖက် တိုးတိုးဖော်လေးရှိတယ်။အခုတော့ အဲဒီကတုံးကလဲ ဘယ်သဝေထိုးနေမှန်းမသိတော့ သိပ်အဆင်မပြေဘူးပေါ့။ ဒါပေမယ့် အားမငယ်ပါဘူး၊ ကိုယ်ထင်ရာ ကိုယ်လုပ်လိုက်တာပဲ။ အခုလဲ ဒီစာလေး တင်ဖို့အရေး လူတကာကို လိုက်မေးနေရတာ။ မမိုက်သေးဘူး မိုးည..နင်လိုတာတွေ အများကြီးပဲ လို့ ကိုယ့်ကိုယ်ကိုပဲ ဒေါသတွေထွက်မိနေတာ။ ဒီကြားထဲ ကွန်နက်ရှင် ကလဲ တက်လိုက်ကျလိုက်နဲ့ ..ဟွန်း နာတော့မယ် ဒီကွန်နက်ရှင်တော့..။ဘလော့မှာ အသစ်မတင်ရင်လဲ မိုးည နင်အပျင်းကြီးလှချည်လား? ဘာလုပ်နေတာလဲ လို့ ပြောခံရသေးတယ်။ သူတို့က မသိလို့ ပြောနေကြတာ.. မြန်မာနိုင်ငံက ကွန်နက်ရှင်က ဘယ်လိုဆိုတာကို..ပြောပြန်ရင်လဲ မိုးညလွန်ရာကျအုံးမယ်။ မယုံရင် မနိုင်းနိုင်းစနေကိုမေးကြည့်..ဟိဟိ :P မနိုင်းနိုင်းရဲ့စာတွေကိုပဲ ဖတ်ဖြစ်တာများတော့ သှူ့ဆီက ကူးတာများတာပေါ့..ဟဲဟဲ။ ဟိုတခါတုန်းက တွေးတွေးပြီးရယ်ဆိုတဲ့ဟာသတွေထဲက ကင်းခြေများ ဟာသလေးကို တင်မလို့ ကွန်နက်ရှင်မကောင်းတာနဲ့ နောက်ရက်မှပဲ တင်ပါတော့မယ်လေဆိုပြီး အိမ်ကိုပြန်ခဲ့လိုက်တာ..နောက်ရက်တင်မလို့ မနိုင်းနိုင်းဘလော့ကို သွားမိပါတယ်.. မနိုင်းနိုင်းက ဖြေရှင်းစရာဟာသဆိုပြီး ရှင်းထားပါလေရော။ ကိုယ်ပါ သူ့ဟာသကို တင်ရမလား မတင်ပဲ နေလိုက်ရမလားကို မသိတော့ဘူး။ ကျတော်ကတော့ ကိုယ်တိုင်ရေးတာ မဟုတ်ရင် ဘယ်သူ့ဘလော့ထဲက ကူးယူတင်ပြပါတယ်လို့ ရေးပါတယ်ဗျာ။ အခုလဲ မနိုင်းနိုင်းစနေရဲ့ဘလော့ထဲက ကူးယူတင်ပြတာပါ.."ငါးမျက်စိထဲက အချစ်" တဲ့။ ကြိုက်ကြမလားတော့ မသိဘူး။ ကျတော်ကတော့ ကြိုက်တယ်တော့။ ကျတော်ဆိုလို့ ကျတော့်ကိုယောကျာင်္းလေးလို့ မထင်ပါနဲ့။ မိုးည က မုံရွာသူလေးပါ။ အညာသူစစ်စစ်လေးပါတော် :)

ငါးမျက်စိထဲက အချစ်

သူမနဲ့ ချစ်သူ ပထမဆုံးအကြိမ် ထမင်းအတူ စားကြတဲ့အရာက ပင်လယ်စာဖြစ်တယ်။ အော်.. မဟုတ်သေးဘူး.. ချစ်သူ မဟုတ်ဘူး.. ရည်းစားဟောင်းဆိုရင် ပိုမှန်လိမ့်မယ်။

အဲဒီတုန်းက သူမဘွဲ့ရပြီးစ၊ သူမ စကားနည်းတယ်၊ အရှက်ကြီးတယ်၊ အမြဲတမ်း ပြုံးရီနေတတ်တယ်။

ငါးတစ်ကောင်… ဘာငါးအမျိုးအစားမှန်း မသိတဲ့ ငါးဟင်းတစ်ပွဲက အဲဒီနေ့ စားပွဲပေါ်မှာ တစ်ပွဲတည်းသော ဟင်းအဖြစ်ရောက်နေခဲ့တယ်။ ငါးကို စမစားခင် ချစ်သူက ငါးမျက်စိကို ယူပြီး သူမကို ကမ်းပေးရင်း “ငါးမျက်စိကို ကြိုက်လား?” လို့ မေးတယ်။

ငါးမျက်စိကို သူမ လုံးဝမစားဖူးဘူး.. ဒါပေမယ့် ချစ်သူရဲ့ တရေးတယူ အမေးကို မငြင်းရက်ခဲ့လို့ ရှက်ကိုးရှက်ကန်းနဲ့ သူမ ခေါင်းညိတ်လိုက်မိတယ်။ ငါးမျက်စိကို သူအရမ်းကြိုက်ကြောင်း ချစ်သူက ပြောတယ်။ ကလေးဘဝ ငါးဟင်းစားတဲ့အခါတိုင်း အဘွားက ငါးမျက်စိကို သူ့အတွက် အမြဲချန်ထားတတ်တယ်။ ငါးမျက်လုံးစားရင် အမြင်ကြည်တယ်၊ စိတ်ကြည်တယ်လို့ အဘွားက ပြောတယ်။ အဘွားဆုံးပြီးနောက် သူ့ကို ဘယ်သူကမှ ငါးမျက်စိ မကျွေးတော့ကြောင်း ချစ်သူက ပြောပြတယ်။

တကယ်တမ်း ပြောရရင် ငါးမျက်စိက စားရတာ အရသာမရှိကြောင်း ချစ်သူက ရီရင်းပြောတယ်။ သူငယ်ငယ်လေးကတည်းက အလိုလိုက် ချစ်ခဲ့တဲအဘွားကြောင့် ငါးဟင်းစားတိုင်း ငါးမျက်စိဟာ သူ့အတွက်ပဲ ဖြစ်ခဲ့ရတယ်လို့ ချစ်သူက ရှင်းပြတယ်။ နောက်ဆိုရင် ငါးမျက်စိဟာ သူမအတွက်ပဲ ဖြစ်ရတော့မယ်၊ သူမကိုလည်း သူအလိုလိုက် ချစ်နှစ်သက်မယ်လို့ သူမမျက်နှာကို ငေးစိုက်ကြည့်ရင် နှစ်နှစ်လိုလိုနဲ့ ချစ်သူကဆိုတယ်။

ဘာကြောင့် ငါးမျက်လုံးဟာ အလိုလိုက်ချစ်ခင်ခြင်းကို ဖော်ဆောင်သလဲဆိုတာကို သူမနားမလည်ခဲ့ဘူး။ သူမ နားလည်၊ မလည်တာကို အပထား ချစ်သူနဲ့ ငါးဟင်းစားတိုင်း ချစ်သူက သူမကို ငါးမျက်စိ အရင်ကျွေးတတ်တယ်။ ငါးမျက်စိ စားနေတဲ့ သူမကို တမြတ်တနိုး ငေးကြည့်နေတတ်တယ်။ တဖြေးဖြေး သူမ အကျင့်ပါလာခဲ့တယ်။ ငါးစားတိုင်း ချစ်သူခွံကျွေးလာမယ့် ငါးမျက်စိကို နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟပြီး သူမ စောင့်နေတတ်ခဲ့တယ်။

ချမ်းအေးတဲ့ ဆောင်းရာသီတစ်ခုမှာ သူမနဲ့ ချစ်သူ လမ်းခွဲခဲ့ကြတယ်။ အဲဒီတုန်းက မြို့ငယ်လေးတစ်ခုမှာ အိမ်တစ်လုံးကို ချစ်သူဝယ်ခဲ့ပြီး သူမနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့တယ်။ မြို့ငယ်လေးမှာ သူမ မနေနိုင်ဘူး၊ သူမလိုချင်တဲ့ ဘဝက ဒီမြို့ငယ်လေးမှာ မဟုတ်ဘူးလို့ မျက်ရည်တွေနဲ့ ချစ်သူကို သူမငြင်းခဲ့တယ်။ သူမရုပ်ရည်၊ သူမရဲ့ပညာ၊ သူမရဲ့ အဆင့်အတန်းက ဒီမြို့ငယ်လေးနဲ့ မထိုက်တန်တဲ့အကြောင်း၊ သာမန်ဝန်ထမ်းဘဝနဲ့ ဒီမြို့ငယ်မှာ သူမဘဝကို မြုပ်နှံ့မထားချင်တဲ့အကြောင်းကိုတော့ ချစ်သူကို သူမ ပြောမပြခဲ့ဘူး။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး သူမလည်း အလုပ်လုပ်နိုင်ကြောင်း၊ ငယ်စဉ်ဘဝက မက်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ချစ်သူကို သူမ ကျောခိုင်းလိုက်တယ်။ မြို့ငယ်လေးကို ခွာဖို့ သူမကို ချစ်သူလိုက်ပို့တော့ သူမစိတ်က ပြတ်ပြတ်သားသားပဲ ချစ်သူကို လုံးဝနောက်ပြန် မကြည့်ခဲ့ဘူး။

ဒီလိုနဲ့ နွေ၊ မိုး၊ ဆောင်း အလီလီပြောင်းခဲ့တယ်။ သူမရဲ့ အိပ်မက်ကိုလည်း ထုထည်အခိုင်အမာနဲ့ တည်ဆောက်နိုင်ခဲ့တယ်။ ကုမ္ပဏီတစ်ခုကို သူမ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အထီးကျန်တဲ့ နေ့ရက်တွေက သူမအပါး မခွာခဲ့ပါဘူး။ နောက်တစ်ယောက်ကို ထပ်ချစ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူမကိုယ်သူမ သိတယ်။ ဒီနှစ်တွေအတွင်းမှာ ညစာစားပွဲ ပေါင်းစုံကို သူမတက်ခဲ့ဖူးပါတယ်။ စားပွဲတိုင်းမှာလည်း ငါးဟင်းက ပါစမြဲပဲ။ ဒါပေမယ့် ဘယ်သူကမှ သူမအတွက် ငါးမျက်စိကို မကျွေးခဲ့ဖူးပါဘူး။ စားပွဲပြီးတိုင်း ခုံပေါ်တင်ကျန်ခဲ့တဲ့ ငါးမျက်စိကို သူမ နောက်ပြန်လှည့်ကြည့်တတ်ခဲ့တယ်။

မမျှော်လင့်တဲ့ အခွင့်အရေးတစ်ခုကြောင့် နေခဲ့ဖူးတဲ့ မြို့ငယ်လေးကို သူမရောက်ခဲ့တယ်။ ချစ်သူနဲ့ ခဏသာတွေ့ပြီး အိမ်ထောင်ကျနေပြီလို့ထင်တဲ့ သူမကို ချစ်သူက ထမင်းဖိတ်ကျွေးခဲ့တယ်။ သူမအတွက် ရည်ရွယ်ထားခဲ့ဖူးတဲ့ အိမ်လေးမှာပဲ သူမကို ဧည့်ခံခဲ့တယ်။ အဲဒီည ထမင်းဝိုင်းမှာ ချစ်သူရဲ့ဇနီးက ငါးဟင်းကျွေးခဲ့တယ်။ သူမအတွက် ငါးအသားတွေကို ချစ်သူထည့်ပေးပြီး ငါးမျက်စိကိုတော့ ချစ်သူက ဇနီးအတွက် ထည့်ပေးလိုက်တယ်။ တစ်ယောက်တည်း အပြင်မှာ ရုန်းကန်ခဲ့တုန်းက ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ အခက်အခဲ ကြုံပါစေ သူမ မျက်ရည်မကျခဲ့ဖူးဘူး။ ခုတော့ သူမ မျက်ရည်ကျမိပါတယ်… ချစ်ခြင်းတွေ သိုဝှက်ထားတဲ့ ငါးမျက်စိတစ်စုံက သူမနဲ့ မထိုက်တန်ခဲ့ပြီလေ…

Saturday, September 13, 2008

မညလေးရဲ့ ပ၀ါပါး ဆိုတဲ့ကဗျာလေးဟာ မိန်းကလေးတွေရဲ့ အချစ်ကို ခံစားတင်ပြထားတာပါ..မိုးညလဲကြိုက်လို့ ဒီကဗျာလေးကို သူငယ်ချင်းများအတွက် တင်ပြလိုက်ပါတယ်..

သံယောဇဉ် နွယ်တစ်ပင်
အမျှင်တန်းလေပြီမို့
ရှုပ်ထွေးမှာ စိုးမိတာကြောင့်
နှလုံးသားယက်ကန်းစင်မှာ
ယက်ဖွဲ့ထားလိုက်တယ်။

နွယ်မျှင်လိုရစ်ပတ်
ရုန်းမရအောင် ချည်နှောင်ပြီးမှ
တစ်ရွာသားဆိုတဲ့အသိကြောင့်
လူသိမခံဝံ့တဲ့ မေ့အချစ်ကို
ပ၀ါပါးလေး ချခဲ့တယ်.....။

ကိုမိုးညိုရဲ့ blog ထဲက ဆက်ထုံးသစ် ဆိုတဲ့ကဗျာလေးကို အရမ်းကြိုက်လို့ တင်ပြလိုက်ပါတယ်ရှင်..

`--------------------------------------´
`-------|-------- ဖြတ် ------|--------´
`---x--- ဆက် ---x---´
@ ရစ် @
& ပတ် &
( တင်း )
) ကျပ် (
~ နှောင် ~
+ တွယ် +

`------x-----x-----x-------´
...
သံသရာငယ်များ
...
..
.
ချစ်ရလေတယ်ကွယ် ။
`---x---x---x---´

Thursday, September 4, 2008

အညာစကား

 ဒီပို့စ်လေးကို မတန်ခူးရဲ့ လေနုအေး blog မှ ပြန်လည်ကူးယူဖော်ပြပါတယ်ရှင် ။ 


“ကျူကျူဝါလားလေး စားချင်သာ”

အဲဒီလို ကျွန်မက ဆိုရင် လူတော်တော်များများက ဘာကြီးများ စားချင်နေတာလဲ ဆိုပြီး နားလည်နိုင်မှာ မဟုတ်။ တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းတဲ့။ အထက်အညာဒေသက မြန်မာလူမျိုးစစ်စစ်များ ပြောသည့် တချို့ ဝေါဟာရတွေကို မြန်မာလူမျိုးအချင်းချင်းပင် နားမလည်နိုင်။ ကျူကျူဝါလားဆိုတာ ကျွန်မတို့ တောင်သာ၊မြင်းခြံနယ်မှာ စာလေးခွေကို ခေါ်ခြင်းဖြစ်သည်။ ဘာကြောင့်အဲဒီလို ခေါ်လဲတော့ ကျွန်မလဲ မသိ။ ဒါပေမယ့် စိတ်ဝင်စားစရာတော့ အကောင်းသားနော်။

ကျွန်မက ရန်ကုန်မှာမွေးတဲ့ အညာသူ။ ရန်ကုန်လို နေရာမှာ လေယူလေသိမ်း ခပ်လေးလေးနဲ့  အားရပါးရ ပြောတတ်တဲ့ အညာသူ အညာသားတွေ မကြာခဏ တွေ့ ရတတ်သည်။ အဲဒီအခါတိုင်း ကျွန်မရော ကျွန်မအဖေရောက မနေနိုင်။ စိတ်ထဲက အရမ်းရင်းနှီးပြီး အညာက မိုလားလို့  စမိတ်ဆက်တတ်သည်။ “ကျူပ်တော့ နိုဝင်ဘာ ခွင် လောက် ပြန်မယ်စိတ်ကူးသာပဲ”။ သေချာပြီ။ ဒီလူ အညာသား။ “ခုနှစ်” ကို “ခွင်” လို့ ဆိုတတ်သလို “တာ” ကို “သာ”လို့ သာ သုံးတတ်သည်မှာ အညာသူအညာသား တော်တော်များများပင်။

ကျွန်မက အညာလေသံ အရမ်း မပေါက်ပေမယ့် တချို့  အညာအသုံးအနှုန်းများကို ကြားရမှ သူငယ်ချင်းတွေက အထူးအဆန်းဖြစ်ကြသည်။ “ငါ့အကျီင်္ကြည်သီးပြုတ်သွားလို့ ” ဆိုလျှင် သူငယ်ချင်းတွေက ၀ိုင်းရယ်ကြသည်။ ပြီးလျှင် မှားနေတယ် ကြယ်သီးလို့  ပြန်ပြင်ပြောလို့  သင်ပေးကြလဲ အချိန်တန် ကြည်သီး ပြန်ဖြစ်သွားသည်။ “ဘွဲ့ ယူတုန်းက ဂျိတ်လုံချည် အ၀ါလေးဝတ်တာ” လို့ ဆိုလျှင် ကျွန်မ ပါးစပ်ထဲမှ ချိတ်ကနေ ဂျိတ်ဖြစ်သွားသည်ဆို ပွဲကျလို့ မဆုံး။ “ဂယ်လယ်ပဲဟင်း” ကိုတော့ ကျွန်မအမျိုးသားက “ကလယ်ပဲ”(ကုလားပဲ) ဘယ်လောက်ပြင်ပေးပေး မရ။ အကျင့်ပါပြီး ဖျောက်ရခက်တာက တကြောင်း ကျွန်မကိုယ်တိုင်က အဲဒီလို ပြောရဆိုရတာကို မြတ်နိုးအားရသည်က တကြောင်းပေါ့။

ကျွန်မ ဆွေမျိုးတွေက အညာမှာနေ အညာမှာကြီးသူတွေ ဆိုတော့ တကယ့်အညာစကား စစ်စစ်တွေသာ ပြောကြသည်။ “င့ါကို ဒုတ်ခညောင်းလေးရှာပေးစမ်းပါအေ… မီးမွှေးချင်လို့ ” ဆိုတဲ့ ကျွန်မ အဒေါ်စကားကို ကျွန်မက နားလည်စွာ ဒုတ်ချောင်းလေးရှာပေးရသည်။ “ဟဲ့ … ပိန်ညှောင်ကြီး… ဟိုမယ်.. ပိန်ညှောင်ကြီး”… တလွဲမထင်ပါနဲ့ ။ ပိန်ညှောင်ညှောင်လူကို ဆိုလိုခြင်း မဟုတ်။ မျက်နှာကျက်က အိမ်မြှောင်ကို ဆိုလိုခြင်းပါ။ “ညည်း အိတ်ထောင်ထဲ အကြွေမရှိဘူးလား”… ထောင်နေတဲ့အိတ်မဟုတ်ပါ။ အက်ီီီၤအိတ္ကပ္ပါ။ “ညည်းတို့ ဆီက ချဉ်စော်ကား များအားမရပါ့အေ… စားရတာဖွယ်တယ်တယ်ကြီး”… တို့ ဘူး ကို
ချဉ်စော်ကားလို့ သာ ခေါ်တတ်ကြသည်။ “ကျွန်တော်တို့ က မန်းလေးကို ဗိုရင် ရောက်သာတော့… ခင်ဗျားတို့ နောက်ကျချက်ရက်စက်သယ်… ဘိတ်ဆုံးပဲ ”… အရင်ဆုံးကို ဗိုရင်၊ နောက်ဆုံးကို ဘိတ်တဲ့။ မန္တလေးကို မန်းလေးလို့ သာ နှုတ်စွဲသည်။

ဟိုတနေ့ က ကျွန်မညီမက “ဟယ်…ဟိုမယ်.. အကြော်ပန်းတွေ လှချက်တော့” လို့ ဆိုတော့ ဘေးက ရန်ကုန်သူ မျက်စိလည်သွားသည်။ ဘယ်နှယ့်.. အကြော်က ပန်းဖြစ်ရတယ်ပေါ့။ တရုတ်စကားပန်းလေးတွေက အကြော်ပန်းလို့ အညာမှာ နာမည်တွင်သည်လေ။ “မီးပူတိုက်” သည်ကို “မီးအိုးထိုး” လို့  အားရပါးရဆိုတတ်တာက အမှတ်တမဲ့ဆို ကြောက်စရာ။ “ဟိုကောင့်ကြည့်ပါဦး… ဂိုက်ပေးကြမ်းသာ”… ရန်ကုန်လို ဘာသာပြန်ရင် ဟိုကောင်… ပဲများလိုက်တာပေါ့။

အဲဒီလို အားရပါးရ ပြောတတ် ခေါ်ဝေါ်သုံးစွဲတတ်သည့် အညာစကား၊ အညာလေသံလေးတွေကို ကျွန်မ ဘယ်နေရာ ရောက်ရောက် မေ့လို့ မရပါ။ ဆိုင်တခုခုမှာ ထိုင်ဖြစ်တာပဲ ဖြစ်ဖြစ်၊ အလှူတခုခုမှာ တွေ့ ရတာပဲ ဖြစ်ဖြစ် ကျွန်မ ရင်းနှီးနေသည့် ဒီလေယူလေသိမ်း ဒီအသုံးအနှုန်းလေးများ ကြားလိုက်ရရင် ဝေးနေတာ ကြာနေတဲ့ ဆွေမျိုးတွေ ပြန်တွေ့ ရသလို မနေနိုင်မထိုင်နိုင် အတင်းလိုက် မိတ်ဆက်… အနည်းဆုံး အညာက ထင်တယ်နော်လို့  တခွန်းလောက်ပြောလိုက်ရမှ ကျေနပ်တာ ကျွန်မကိုယ်ထဲမှာ စီးဆင်းနေတဲ့ အညာသွေးတွေ ကြောင့်ထင်ပါရဲ့နော်။

Tuesday, August 26, 2008

ဘယ်ကတည်းက အမြင်ကပ်နေလဲ မသိဘူးနော်

ကျောင်းဆရာတစ်ယောက်ရယ်၊ သူခိုးတစ်ယောက်ရယ်၊ ရှေ့နေတစ်ယောက်ရယ် ... အသီးသီး ကွယ်လွန်ကြပြီး ကောင်းကင်ဘုံကိုရောက်သွားတယ်။
ကောင်းကင်ဘုံတံခါးဝမှာက တံခါးမှူးကြီး စိန့်ပီတာက ဝင်ခွင့်စစ်ဆေးပါတယ်။
“ ကဲ .. မေးခွန်းတစ်ခုစီမေးမယ်။ မှန်အောင်ဖြေနိုင်ရင် ကောင်းကင်ဘုံထဲကို ဝင်နိုင်ပါတယ် ”
စိန့်ပီတာက ကျောင်းဆရာကို အရင်မေးတယ်။
“ ရေခဲကျောက်ဆောင်ကြီးနဲ့ တိုက်မိပြီး နစ်မြုပ်သွားခဲ့ရတဲ့ နာမည်ကျော် ပင်လယ်ကူးသင်္ဘောကြီးရဲ့ အမည်က ဘာပါလဲ ”
ကျောင်းဆရာလည်း အားရဝမ်းသာနဲ့
“ ဟား .. သိပ်သိတာပေါ့ ။ တိုက်တန်းနစ်လေဗျာ ”
စိန့်ပီတာက ခေါင်းညိတ်ပြီး
“မောင်မင်းအဖြေ မှန်ပါတယ်။ ကောင်းကင်ဘုံက ကြိုဆိုပါတယ်ကွယ်” ။
ကျောင်းဆရာဝင်ခွင့်ရသွားတော့ နောက်တစ်ယောက် ... သူခိုးကို မေးပြန်တယ်။
“ အဲ့ဒီ တိုက်တန်းနစ် သင်္ဘောကြီးနစ်တော့ လူဘယ်နှစ်ယောက် သေဆုံးခဲ့ရသလဲ ဖြေပါ ။”
သူခိုးက ခေါင်းကုတ်ပြီး
“ အာ .. ဒါတော့ နည်းနည်းခက်တယ်ဗျ။ ဒါပေမဲ့ ကျနော် အဲ့ဒီရုပ်ရှင်ကြည့်ဖူးတယ်။ လူပေါင်း ၁၅၀၀ သေတယ်ဗျာ ”
“ right !! မောင်မင်းရဲ့ အဖြေလည်း မှန်ပါတယ်ကွယ်။ ကောင်းကင်ဘုံက ကြိုဆိုပါတယ် ”
သူခိုးလည်း ဝင်ခွင့်ရသွားပြီးတဲ့နောက် စိန့်ပီတာကြီးက ရှေ့နေဘက်ကို လှည့်ပြီး ပြုံးပြရင်း ပြောတယ် ။

“ အိမ်း .. နောက်ဆုံးတစ်ယောက်ကတော့ ရှေ့နေကလေးပဲ ။ ”
ရှေ့နေကလည်း ခပ်မိန့်မိန့် ပြန်ပြုံးပြပြီး
“ ဟုတ်ကဲ့ ။ သူတော်စင်ကြီး ဦးပီတာ ။ မေးချင်ရာသာမေးပါ ။ ”
“ကောင်းပါပြီ ရှေ့နေကြီးခင်ဗျာ ။ ဖြေကြည့်ပါဦး။ မေးခွန်းကတော့ သိပ်အခက်ကြီး မဟုတ်ပါဘူး ။
အဲ့ဒီ တိုက်တန်းနစ် သင်္ဘောပေါ်မှာ  သေဆုံးသွားတဲ့ လူပေါင်း ၁၅၀၀ ရဲ့ နာမည်လေးတွေကိုပဲ ပြောပြပေးပါကွယ်။ ”

lol

Thursday, August 21, 2008

အင်္ဂါဂြိုလ် သွားကြမလား

နာဆာ အာကာသစခန်းကနေ အင်္ဂါဂြိုလ်ကို လူလွှတ်ဖို့အတွက် လူတွေ့စစ်ဆေးမေးမြန်းမှု လုပ်တယ် ။ အင်္ဂါဂြိုလ်ကို တစ်ယောက်ပဲ သွားလို့ရမှာ ဖြစ်ပြီး ကမ္ဘာပေါ်ကိုလည်း ပြန်လာလို့မရဘူး။ အဲ့ဒီအတွက် ထိုက်တန်တဲ့ လျော်ကြေးသဘောမျိုး ဆုကြေးငွေလည်း ပေးအပ်မှာပါ ။

ပထမဆုံး
အင်တာဗြူးဖြေတဲ့ အင်ဂျင်နီယာကို နာဆာအရာရှိက မေးတယ် ။
“ အင်္ဂါဂြိုလ် မပြန်ခရီးအတွက် ငွေဘယ်လောက်လိုချင်ပါသလဲ ”
“ဒေါ်လာ တစ်သန်း လိုချင်ပါတယ် ။ အဲ့ဒီငွေတွေကို အင်ဂျင်နီယာအဖွဲ့အစည်းကြီးကို လှူခဲ့ချင်လို့ပါ။”

သူပြီးတော့ နောက်တစ်ယောက်က ဆရာဝန်ပါ။
ငွေဘယ်လောက်လိုချင်သလဲပဲ ထပ်မေးတယ်။
ဆရာဝန်ကတော့ ဒေါ်လာ ၂ သန်း လိုချင်ပါတယ်တဲ့။ တစ်သန်းက ကျန်ရစ်သူ မိသားစုကို ပေးပြီး နောက်တစ်သန်းကိုတော့ ဆေးပညာဖွဲ့ဖြိုးရေး သုတေသနအတွက် လှူခဲ့ချင်ပါတယ် တဲ့။


နောက်ဆုံး အင်တာဗြူးဖြေတာကတော့ ရှေ့နေတစ်ယောက်
သူကတော့ ဒေါ်လာသုံးသန်း လိုချင်ပါတယ်လို့ ပြောတယ် ။

နာဆာက အရာရှိကြီးလည်း မျက်လုံးပြူးပြီး
“ ဟာ .. ခင်ဗျားက သူများတွေ တောင်းတာထက်တောင် များနေပါလား ”
ရှေ့နေက အရာရှိကြီးအနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်တယ် ။
“ဒီလိုလေဗျာ ။ ကျနော့်ကိုရွေးချယ်ပြီး သုံးသန်းပေးမယ်ဆိုရင် အရာရှိမင်းကို တစ်သန်းပေးမယ်ဗျာ ။ ကျနော်က တစ်သန်းယူမယ် ။ ကျန်တဲ့တစ်သန်းကိုတော့ ဟို အင်ဂျင်နီယာကောင်ကို ပေးပြီး သူ့ကိုပဲ အင်္ဂါဂြိုလ်ကို လွှတ်လိုက်တာပေါ့။ ကဲ .. ကျုပ်အကြံမပိုင်လားဗျာ။”

Wednesday, August 13, 2008

စိတ်ညစ်မှာစိုး

“ စိတ်ညစ်မှာစိုး ” 
L.လွန်းဝါနဲ့ ဆူဇီက ဆိုထားတဲ့ စုံတွဲသီချင်းလေး ။ လမ်းခွဲနူတ်ဆက်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ ခံစားချက်လေးတွေ ... ။ သီချင်းရေးတဲ့သူက မိုးသစ် ဖြစ်ပါတယ် ။ သီချင်းစာသားတွေနဲ့ ယှဉ်လိုက်မယ်ဆို သီချင်းခေါင်းစဉ်က အရမ်းပေါ့နေသလိုပဲ ။ စိတ်ညစ်မှာ စိုးရုံလောက်နဲ့ လမ်းခွဲနူတ်ဆက်စရာလားနော် ။ ခေါင်းစဉ်ကလွဲရင် သီချင်းစာသားတွေနဲ့ ဆိုသူ နှစ်ယောက်လုံးရဲ့ အသံတွေပါ ကြိုက်မိပါတယ်။ 
တိုက်ဆိုင်နေတာလည်း ပါမှာပေါ့ ။ 
တခါတလေတော့လည်း အချစ်ဆိုတာက ဘာမှန်းမသိတဲ့အရာကြီးနဲ့ ခေါင်းချင်းဆိုင်ပြီး တိုက်ပစ်ချင်လောက်အောင်ကို ဖမ်းစားနှိပ်စက်နိုင်လွန်းတာပဲ ။ 
ဒီတော့ တိုက်ဆိုင်သူများနားထောင်ဖြစ်ရင်လည်း ဆိုင်ပြီး တိုက်ပစ်လိုက်ပါလို့ ...... 
နားထောင်ကြည့်လိုက်ပါဦး။ သီချင်းနဲ့ တပါတည်း ခံစားဖို့ စာသားတွေလည်း ရေးပေးလိုက်ပါတယ်။ 



ကြယ်ရောင်ပျောက်သော ကိုယ့်ရဲ့ညတွေထဲ မခိုလုံချင်နဲ့ နွေးထွေးမှု မရှိဘူး
မရေရာနိုင်တဲ့ ကိုယ့်ရဲ့နေ့တွေထဲ ကြင်နာသူလေး စိတ်ညစ်ရမှာပဲ

အခြေအနေတွေခြားနေတယ် သေချာတာတော့ ဝေးကြရမှာပဲ
ယုံကြည်မျှော်လင့်ခြင်းတွေလည်း တကယ်တမ်း လက်တွေ့တော့ မလွယ်ဘူး
ချစ်သူလေး ....

အမှောင်တွေဝေတဲ့ လောက လမ်းတွေထဲ အတူတူလျှောက်လှမ်းသွားဖို့မဖြစ်နိုင်ဘူး
နှောင်တွယ်နေတဲ့ တို့ရဲ့ လက်တွေလည်း ဒီချိန်မှာတော့ ရှေ့ဆက် မမြဲသင့်ဘူး

တကယ်ဆိုရင် အချစ်ဆိုတာ သေချာတာတော့ ဘဝနဲ့ တခြားစီပဲ
အရာရာ ရင်ဆိုင်သွားချင်လည်း စိတ်ကူးထဲကလောက် မလွယ်ဘူး
ချစ်သူလေး .....

နူတ်ဆတ်ပါတယ် ထွက်သွားတော့ မင်းမျက်ဝန်းက မငိုနဲ့တော့
ချစ်ခဲ့တာတွေ မေ့ထားတော့ ကိုယ့်ရဲ့ အနားနား မလာနဲ့တော့
အိပ်မက်တွေရယ် ချန်ခဲ့တော့ မင်းဘဝမင်းပဲ လျှောက်လှမ်းတော့
မသာယာတဲ့ ကိုယ့်ဘဝနေ့များထဲ မလှမ်းခဲ့ပါနဲ့ ချစ်သူလေး

ပြန်ဆုံစရာလမ်း နောက်ထပ် မရှိတော့ဘူး
ရည်ရွယ်ချက်များ တစ်ခုမှ ဖြစ်မလာဘူး
မျှော်နေခွင့်လည်း တို့အတွက် မရှိတော့ဘူး
ကံကြမ္မာကိုပဲ အပြစ်ဖို့ရင်း ကိုယ်ရူး


မှတ်ချက်။
စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုထားတဲ့ အချစ်ကို ဦးစားပေးခဲ့သူ ဆိုတဲ့ သီချင်းကိုလည်း မဆီမဆိုင် သတိရမိတယ်။
မှတ်ချက်ရဲ့မှတ်ချက်။
သူတို့က ရေးသားရေး ဆိုသာဆိုခဲ့ကြတာ။ တကယ်တမ်း ဦးစားပေး မပေး ။ ခုထိတိုင်အောင် အချစ်ကို ဦးစားပေး မပေး ဆိုတာကတော့ လူချင်းတွေ့မှသာ မေးတော့။ စိုင်းထီးဆိုင်ကို မေးချင်ရင်တော့ မှီရာကားနဲ့သာ လိုက်သွားနော် ။

Tuesday, August 12, 2008

ရယ်စရာဆိုတာက


တရားရေးဆိုင်ရာ ဟာသနဲ့ ကာတွန်းတွေကို အလျဉ်းသင့်သလို တင်သွားမယ်လို့စိတ်ကူးပါတယ်။
အပေါ်က ကာတွန်းကတော့ နမူနာပါ။ အစမ်းပါ။

မရီရင်တောင် ပြုံးနိုင်လောက်ပါရဲ့။ မပြုံးဘူးဆိုရင်တောင် မဲ့သွားလောက်မယ်ဆိုလည်း ရပါတယ်။ ဟာသတွေ ကာတွန်းတွေ ဖတ်ပြီးတော့ ဘယ်လိုမှ မနေဘူး .. ဘယ်လိုမှ မဖြစ်ဘူး ဆိုရင်တော့ နီးစပ်ရာ စိတ်ကျန်းမာရေး အထူးကုဆီ သွားပြီး တိုင်ပင်လိုက်နော် .. လိုအပ်လို့ ရှေ့နေ ငှားမယ် ဆိုလည်း ဆက်သွယ်ပါ ။
pika20
လူရဲ့ ဝိသေသတွေထဲမှာ ရီခြင်း ပြုံးခြင်းတွေလည်း ပါတယ် ။ အသက်ရှည်ရာ ရှည်ကြောင်း ကိစ္စပါပဲ။
တနေ့တာအချိန်လေး အတွင်းမှာပဲ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တာမျိုး ၊ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တာမျိုးက အမောတွေကို ပြေစေပါတယ်။ စိတ်ဖိစီးမှုတွေ အတန်အသင့် ပြေစေနိုင်ပါတယ်နော်။

ဒါပေမဲ့ ဟာသတိုင်း ကာတွန်းတိုင်းက လူတိုင်းကို ရယ်မော ပြုံးရွှင်စေဖို့ မဖြစ်နိုင်ပါဘူး။ လူအားလုံးနဲ့ဆိုင်တဲ့ ဟာသဆိုရင်တော့ လူတိုင်းလိုလို ရယ်မောစေနိုင်ပေမဲ့ လောကအဝန်းအဝိုင်း တစ်ခုတည်းနဲ့ သတ်ဆိုင်တဲ့ဟာသဆိုရင်တော့ အဲ့ဒီလောကသားတွေပဲ နားလည်နိုင်ပြီး ရယ်မောစရာ ဖြစ်မှာပေါ့နော်။
သိပြီးသား ဟာသတွေဆိုရင်လည်း ရယ်မောစရာ မရှိတော့တာမျိုး ရှိသလို တချို့ဟာသတွေက ဘယ်နှစ်ခါ ဘယ်နှစ်ခေါက် ကြားပါစေ၊ ဖတ်ပါစေ ရယ်ရ ပြုံးရတာမျိုးလည်း ရှိပါတယ်။

မှတ်ချက်။
လူပြက်တွေ ပြောသလို မင်းဟာသက မရယ်ရလို့ ရယ်စရာကောင်းလိုက်တာကွာ ဆိုတာမျိုးတွေလည်း ရှိသည်။
မှတ်ချက်ရဲ့မှတ်ချက်။
လက်ရှိ နေ့စဉ်ထုတ်သတင်းစာတွေမှာဆို ဟာသတွေ အများကြီးပါတာပေါ့။ ဒါပေမဲ့ ကြားရဖန်များလို့ မရယ်ရသလို ဖြစ်နေတာမျိုးတွေ များပါတယ်။ မရယ်ရတဲ့အပြင် ငိုချင်စိတ်ပါ ပေါက်သွားနိုင်တဲ့ ဟာသတွေလည်း အများကြီးပေါ့ ။

victoire

Sunday, August 10, 2008

ရှေ့နေအကြောင်း

ရှေ့နေဆိုတာနဲ့ လူအများစုက အမြင်မကြည်ကြဘူး။

ရှေ့နေဆိုတာနဲ့ ကတ်သတ်သူ၊ ကတ်ဖဲ့သူ၊ ငိုစားရယ်(ရီ)စား၊ လျှာနှစ်ခွ၊ လျှာအရိုးမရှိသူ ......... အမျိုးမျိုးပြောကြပါတယ်။ တရားရေးဝန်ထမ်းထဲမှာတောင် ရှေ့နေဆိုရင် သူများထက်ပိုပြီး အပြောအဆိုခံရပါတယ်။

ဘယ်လောက ဘယ်အလွှာမှာပဲဖြစ်ဖြစ် ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိစမြဲပါပဲ။ မကောင်းတဲ့သူတချို့အတွက် အားလုံးကို သိမ်းကျုံးပြောဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ ဒါပေမဲ့ ရှေ့နေလောက ကတော့ တခြားအသိုက်အဝန်းတွေထက် အပြောခံလာရတာ ဟိုးရှေးပဝေဏသီကတည်းကပါပဲ။ ဒါဟာလည်း မြန်မာနိုင်ငံတင်မကဘူး ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ ရှေ့နေဆိုတာက ပြောဆိုကဲ့ရဲ့ခံရဆုံးပါပဲ။ ပညာနဲ့အသက်မွေးဝမ်းကျောင်းသူချင်းတူတူမှာ ရှေ့နေက ဒီလောက်တောင်ပြောဆိုခံနေရတာ ဘာကြောင့်ပါလိမ့်။

တကယ်ဆို ရှေ့နေတွေ မကောင်းဘူးလို့ ပြောလေ့ရှိသူများဟာလည်းပဲ ရှေ့နေနဲ့ မပတ်သတ်ပဲ ကင်းကင်းနေလို့ရတယ်ရယ်လို့ မရှိပါဘူး။ တကွေ့မဟုတ်တကွေ့တော့ ပတ်သတ်အားကိုးရတာပါပဲ ။ အသက်တစ်ရာ မနေရ၊ အမှုတစ်ရာပွေရ ဆိုတာရှိသလို လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေလို့လည်း ဆိုကြတယ်မဟုတ်ပါလား။ ဖျားနာ နေမကောင်းတဲ့အခါ ဆရာဝန်ဆီသွားရသလိုပဲ အမှုအခင်းတစ်ခုရှိလာပြီဆိုရင်လည်း မိမိက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရှေ့နေကိုတော့ အပူကပ်ရတာပါပဲ ။ ရှေ့နေကလည်း ကိုယ့်ကို အလုပ်လာအပ်တဲ့ အမှုသည်က မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ်သင်ယူတတ်မြောက်ထားတဲ့ ဥပဒေပညာနဲ့ ဥပဒေဘောင်ထဲကနေ ဥပဒေကြောင်းအရ အတတ်နိုင်ဆုံး ကူညီပေးရတာပါပဲ ။အနည်းဆုံး အရောင်းအဝယ်ကိစ္စတွေလုပ်ရင်တောင်မှ ဥပဒေနဲ့ညီဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ရှေ့နေက လိုအပ်တာပါပဲ။ အကျင့်တန်တဲ့ ရှေ့နေ၊ မကောင်းတဲ့ရှေ့နေတွေရှိသလို
တကယ်ကို တော်တည့်မှန်ကန်တဲ့ ရှေ့နေတွေ အများကြီးရှိတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး ။

တကယ်တော့ လူအဖွဲ့အစည်းမှာ တရားဥပဒေဆိုတာ လိုအပ်လို့ရှိနေတာပါ။ လောကပါလတရား(လောကကိုစောင့်ရှောက်သောတရား)နဲ့ မလုံလောက်တဲ့ လူအဖွဲ့အစည်းမှာ ရှိကို ရှိရမှာပါ။ သက်ဆိုင်ရာ ဘာသာရေးအဆုံးအမ နဲ့ လူကြီးမိဘသြဝါဒတွေနဲ့လည်း မလုံလောက်လို့သာ အထိန်းအကွပ်အနေနဲ့ ဥပဒေတွေ သတ်မှတ်ပြဌာန်းပေးထားရတာပါ ။ တရားဥပဒေ လိုအပ်ပါမှတော့ တရားရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်း နဲ့ ပညာရှင်တွေဆိုတာကတော့ ပြောနေစရာ မလိုတော့ပါဘူး။ တရားရုံး၊ တရားသူကြီး၊ ရှေ့နေ၊ တရားရေးဝန်ထမ်း၊ ရဲစခန်း၊ အကျဉ်းထောင်တွေကလည်း လူသတ္တဝါရဲ့မူလ အရိုင်းစိတ်တွေကို ထိန်းသိမ်း ၊နှိပ်ကွပ်ဖို့ လောကလူ့ဘောင်ကြီး လုံခြုံ အေးချမ်း သာယာစေဖို့အတွက်ရှိနေတာပါ။ အဲ့ဒီလို ရှိနေတာတောင် နေ့စဉ်နဲ့အမျှ အမှုအခင်း၊ အရှုပ်အရှင်းတွေ တိုးပွားလာနေဆဲပါပဲ။ ရှိများသာ မရှိရင်တော့ မတွေးဝံ့စရာပါ ။ ထန်းရည်မူးတဲ့သူကို သူကြီးက ထိပ်တုံးခတ်ရုံလောက်ဆိုတဲ့ ခေတ်အခါမျိုးမှ မဟုတ်ပဲလေ။ ခုလို ဗြဟ္မာစိုရ်တရား ခေါင်းပါးပြီး အတ္တကိုယ်စီနဲ့ ဖြစ်နေကြတဲ့ ခေတ်အခါကြီးမှာ ဥပဒေဆိုတာ ပိုလို့တောင် လိုအပ်နေပါသေးတယ် ။
ဒါကြောင့် ဥပဒေဘောင်အတွင်းမှာ နေထိုင်လိုကြတဲ့ လူသားတွေအတွက် အမှုအခင်းအရေးအရာတွေကို ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ ဥပဒေဝန်ထမ်း ရှေ့နေကောင်းများသည်လည်း အမှန်ပင်လိုအပ်ပါကြောင်း ။

မှတ်ချက်။
တရားသောမင်း၊ တရားသော အစိုးရအုပ်ချုပ်သော တိုင်းနိုင်ငံတွင်သာ တရားဥပဒေစိုးမိုးနိုင်ပြီး တိုင်းနိုင်ငံအေးချမ်းသာယာကာ တရားရေးဆိုင်ရာ ဝန်ထမ်းများသည်လည်း နာမည်ကောင်း မျက်နှာကောင်းရကြပါလိမ့်မယ် ။
မှတ်ချက်ရဲ့ မှတ်ချက်။
တကယ်သာ လေးစားလောက်တဲ့ အစိုးရနဲ့ လေးစားလောက်တဲ့ တရားဥပဒေသာ စိုးမိုးမယ်ဆိုရင် တို့ရှေ့နေတွေ အလုပ်ပါးလို့ ငတ်ရချည်ရဲ့နော် ။
pika21
ရှေ့နေ ငတ်ရိုး ထုံးစံ မရှိ

Saturday, August 9, 2008

ပျင်းတောင်ပျင်းသေး

တရားခွင်မှာ လာနားထောင်နေကြတဲ့သူနှစ်ယောက်ပြောနေကြတယ်။
“ ဒီဘက်က ရှေ့နေကြီးက အတော်ဆိုးတာပဲဗျ ။တရားခွင်မှာ သမ်း နေလိုက်တာများ သုံးခါ မကတော့ဘူး ။ ”
“ ခင်ဗျားက ဘာသိလို့လဲ ။ အဲ့ဒါ ဟိုဘက် ရှေ့နေကြီး အမှုစစ်နေတာကို ပျင်းတောင် ပျင်းသေးတယ် ဆိုပြီး အမူအရာနဲ့လုပ်ပြနေတာဗျ ။ ”

Friday, July 25, 2008

အထောက်အထား

ဖခင် ။ ။ သား..မနေ့ညက မင်း ဖေဖေ့ကား ယူသုံးသေးလား?
သား ။ ။ သုံးတယ်ဖေဖေ၊ သားသုငယ်ချင်း ယောက်ျားလေးတွေတင်ပြီး လည်ကြတာ။
ဖခင် ။ ။ သြော်..ဟုတ်လား။ ဒါထက် သူတို့သုံးတဲ့ နှုတ်ခမ်းနီဆေးတောင့် နှစ်တောင့်ကို ကားထဲမှာ ဖေဖေတွေ့လို့ကွ။

ရှေ့တလှမ်းဆုတ်

ရိုစ့် ။ ။ ဒီမှာမောင်၊ မောင် ဆက်မကဲခင် မောင့်ကိုတခုကြိုပြောရအုံးမယ် ။

မိုက်ကယ် ။ ။ ဘာများလဲ ပြောလေ မ ။

ရိုစ့် ။ ။ ဆက်မကဲနဲ့လို့ ။


pika21

မထင်လိုက်ပါနဲ့

ယောက်ျားပျို ။ ။ မောင်သွားလို့မရတော့ဘူး ။

မိန်းမပျို ။ ။ မောင်က မကို အဲဒီလောက်ထိချစ်နေပြီပေါ့

ယောက်ျားပျို ။ ။ မဟုတ်ဘူးလေ ။ မက မောင့်ခြေထောက်ကိုနင်းထားလို့ ။

စောင်းသွားလေသောအထင်

ရထားပေါ်မှာ စီးနင်းလိုက်ပါရင်း မိန်းမပျိုလေးနှစ်ယောက် စကားပြောနေကြတာကို အမှတ်မထင်ကြားမိပါတယ် ။
တယောက်က.....
ငါ့ချစ်သူက ငါ့ကိုပြောတယ်ဟ ။ သူဟာမကြာခင်မှာ ကမ္ဘာပေါ်မှာရှိတဲ့ အချောဆုံး ၊ အလိမ္မာဆုံး မိန်းကလေးကို လက်ထပ်တော့မယ်တဲ့ ။
သည်တော့ ကျန်တယောက်က.......
ဟယ် .. နင့်အတွက် ငါစိတ်မကောင်းလိုက်တာဟာ ၊ တကယ်တော့ နင့်နဲ့သူနဲ့ချစ်လာကြတာ ၂နှစ်ရှိကာမှ တခြားမိန်းကးလေးကို လက်ထပ်မယ်လို့ပြောတာကတော့ နင့်အပေါ်ရက်စက်လွန်းပါတယ်ဟယ်။

lol

Tuesday, July 22, 2008

သူကလေးရဲ့အစွမ်း

ငါ့ကိုချစ်နေတဲ့မစ္စတာဘရောင်းကြီးကိုတော့ ငါလက်မထပ်ချင်ပါဘူးဟယ် ။

ဘာဖြစ်လို့လဲ ?

သူကဘာသာမဲ့ကြီးဟ ။ ငရဲကိုလုံးဝယုံတာမဟုတ်ဘူး ။

အမလေး ဒီအတွက်တော့နင်ဘာမှတွေးပူမနေနဲ့၊ နင်နဲ့လက်ထပ်ပြီးရင် ဒီလူကြီး ငရဲကိုယုံလာမှာသေချာတယ်ဟ ။

ရေလာမြောင်းပေး

မိန်းမပျို ။ ။ ရှင် ကျွန်မကိုနမ်းနေတာ ဖေဖေ မမြင်စေနဲ့နော် ။
ယောကျာင်္းပျို ။ ။ ကိုယ် မင်းကို မနမ်းရပါလားကွာ ။

မိန်းမပျို ။ ။ ဟုတ်ပါတယ်၊တကတည်း နမ်းမယ်ဆိုရင်ပြောတာပါ ။

အနမ်းသူခိုး

ယောင်္ကျားလေး ။ ။ ဟာကွာ... မီးရထားလိုဏ်ဂူကြီးက ဒီလောက်ရှည်မှန်းသိရင် အချစ်ကို မောင်တခါမကဘူး အခါခါနမ်းမိမှာသိလား ?
မိန်းကလေး ။ ။ ဟင် ... မောင်အခါခါမနမ်းဘူးလား ?

ဗုဒ္ဓေါ

ယောကျာင်္လေး ။ ။ ကျွန်တော် ... ဦးသမီးကို လက်ထပ်ချင်ပါတယ် ။

မိန်းကလေးဖခင် ။ ။ မင်း ငါ့မိန်းမနဲ့တွေ့ပြီးပြီလား ?

ယောကျာင်္းလေး ။ ။ ဟုတ်ကဲ့တွေ့ပြီးပါပြီ၊ ဒါပေမယ့် ကျွန်တော်ဦးသမီးကိုပဲ ကျွန်တော်ကြိုက်တာပါ ။

မစစ်ပဲပေါ်

လူငယ် ။ ။ ဦး သမီးနဲ့ကျွန်တော်နဲ့ ချစ်သူတွေဖြစ်နေကြပါပြီ။ကျွန်တော်သူ့ကို လက်ထပ်ချင်ပါတယ်။

ဖခင် ။ ။ မင်းအရက်သောက်တတ်သလား ?

လူငယ် ။ ။ ဟာ ... ဦး ကလည်း အရေးကြီးတဲ့ကိစ္စအရင်ပြောပါအုံး။ ပြီးမှ သောက်ကြတာပေါ့ ။

မသေတဲ့အချစ်

ခင် ။ ။ ခင့်ကိုချစ်ရဲ့လားမောင် ?
မောင် ။ ။ သိပ်ချစ်တာပေါ့ခင်ရယ် ။
ခင် ။ ။ ဒါဆို ခင့်အတွက်ဆို မောင်သေမလား ?
မောင် ။ ။ ဟာ..ဘယ်သေမလဲခင်ရဲ့၊ မောင့်အချစ်က မသေတဲ့အချစ်လေ ။

လက်တွေ့သမားများ

သူမ။ ။ ရှင်က ကျွန်မကို တကယ်ချစ်လို့လား ?

သူ။ ။ ချစ်တာပေါ့၊အရမ်းကိုချစ်တာ ။

သူမ။ ။ကျွန်မသေရင် ရှင်ငိုမှာလား ?

သူ။ ။ ငိုမှာပေါ့ ။

သူမ။ ။ ဟုတ်လို့လား၊မယုံပါဘူး၊လက်တွေ့ငိုပြပါလား ?

သူ။ ။ဒါဆို အရင်သေပြလိုက်လေ ။

Thursday, July 10, 2008

သားမက်တို့အချိုး

ကောလိပ်ကျောင်းသူတစ်ဦးကသူ့ချစ်သူကိုမှာနေ၏။
"ကနေ့ညကတော့ မောင်လာလို့မဖြစ်ဘူးနော်၊
ဖေဖေသိပ်စိတ်ဆိုးနေတယ်သိလား။
မနေ့ညက သူ့ကားယူပြီး မတို့လျှောက်မောင်းကြတာကို သိသွားတယ်လေ"
"ဟာ..ဘယ်လိုလုပ်သိသွားတာလဲ၊ဒုက္ခပါပဲကွာ"
“ဟောတော့..
မောင်မေ့သွားပြီလား၊
မတို့ဖေဖေ့ကို ၀င်တိုက်မိကြတယ်လေ”