ဖြည်းဖြည်းညှင်းပါ
အကြင်နာတွေ သိုးလို့ အမူအယာတွေ ခါးလို့
ဒီလူကို ငြီးငွေ့သွားရင် ရှင်းရှင်းပြောပါ
မထင်ရင် နင် ဖြတ်လိုက် တော်ကြာ ပြန်ဆက်လိုက်
အူကြောင်ကြောင် ငါ့ရဲ့အဖြစ်ကို ၀မ်းနည်းလိုက်တာ
ချစ်မိတဲ့ ငါ့အတွက်တော့ မင်းကို အပြစ်နဲ့ မကြည့်ပါ
ချစ်လို့နေတာ ...
ဒါပေမဲ့ ကြာလာရင် မလွယ်ဘူး မင်းဖြစ်တော့မယ် ...
လူသတ်မှု ...
ဖြည်းဖြည်းသတ်ပါ ... ငါ့ကို ဖြည်းဖြည်း ညှင်းပါ ...
ဖြည်းဖြည်းသတ်ပါ ... ငါ့ကို ... ငါ့ကို
ဖြည်းဖြည်းညှင်းပါ ... ငါ့ကို ဖြည်းဖြည်းသတ်ပါ ...
ဖြည်းဖြည်းသတ်ပါ ... ငါ့ကို ... ငါ့ကို
ဟိုလူနဲ့ တွဲလိုက် ဒီလူနဲ့ တွဲလိုက်
အချိန်တန်ရင် မင်းစိတ်ဖောက်ကာ ငါ့ဘက် ရောက်လာ
ဆင်ခြေတွေ အထပ်ထပ် အံတိုပြီ ငါ့အတွက်
ဆယ်ခါပြန် ဒူးထောက်လိုက်ပြီ မင်းရဲ့ ရှေ့မှာ
ချစ်မိတဲ့ ငါ့ အတွက်တော့
မင်းဟာ ပြောင်းလဲတတ်တာ အပြစ်လို့ မမြင်ပါ
ဒီပုံစံ ကြာလာရင် မလွယ်ဘူး မင်းဖြစ်တော့မယ် ...
လူသတ်မှု ....
Saturday, September 15, 2007
ဖြည်းဖြည်း ညှင်းပါ ...
စာရေးသူ မိုးညညို 0 မှတ်ချက်များ
Tuesday, September 11, 2007
သိပ်ချစ်တတ်တဲ့ကောင်မလေးတစ်ယောက်အကြောင်း
ညာတတ်တဲ့ကောင်လေးကိုချစ်ခဲ့မိလို့ ခံစားခဲ့ရတဲ့ကောင်မလေးတယောက်အကြောင်းကို ရေးချင်ပေမယ့် မရေးရဲဘူး ဖြစ်နေတယ်။ဒါပေမယ့် ရေးဖြစ်အောင်ကို ရေးမယ်။
စာရေးသူ မိုးညညို 0 မှတ်ချက်များ
Monday, September 10, 2007
သူဖြစ်ပါစေသား
“ရင်မှာလွမ်းရင်
မျှော်တိုင်းမြင်သည်
လက်ညှိုး ညွှန်ရာ သူဖြစ်ပါစေသား
အရှင်ဘုရား။ ”
တာရာမင်းဝေ
စာရေးသူ မိုးညညို 0 မှတ်ချက်များ
ကဏ္ဍ ကဗျာ, တာရာမင်းဝေ
Sunday, September 9, 2007
အချစ်
အချစ်ဆိုတာ
ကိုယ့်အတွက်တော့
ရယူခြင်း မဟုတ်ခဲ့သလို
ပေးဆပ်ခြင်းလည်း မဟုတ်ခဲ့ဘူး
အချစ်ဆိုတာ
ကိုယ်ချစ်တဲ့သူကို
ကိုယ့်ရဲ့ အနီးမှာပဲ ဖြစ်ဖြစ်
အဝေးမှာပဲ ဖြစ်ဖြစ်
ချစ်နေရရင်ပဲ ကျေနပ်နိုင်တာမျိုးပေါ့
စာရေးသူ မိုးညညို 0 မှတ်ချက်များ
ကဏ္ဍ ကဗျာ
Subscribe to:
Posts (Atom)