ကျောင်းဆရာတစ်ယောက်ရယ်၊ သူခိုးတစ်ယောက်ရယ်၊ ရှေ့နေတစ်ယောက်ရယ် ... အသီးသီး ကွယ်လွန်ကြပြီး ကောင်းကင်ဘုံကိုရောက်သွားတယ်။
ကောင်းကင်ဘုံတံခါးဝမှာက တံခါးမှူးကြီး စိန့်ပီတာက ဝင်ခွင့်စစ်ဆေးပါတယ်။
“ ကဲ .. မေးခွန်းတစ်ခုစီမေးမယ်။ မှန်အောင်ဖြေနိုင်ရင် ကောင်းကင်ဘုံထဲကို ဝင်နိုင်ပါတယ် ”
စိန့်ပီတာက ကျောင်းဆရာကို အရင်မေးတယ်။
“ ရေခဲကျောက်ဆောင်ကြီးနဲ့ တိုက်မိပြီး နစ်မြုပ်သွားခဲ့ရတဲ့ နာမည်ကျော် ပင်လယ်ကူးသင်္ဘောကြီးရဲ့ အမည်က ဘာပါလဲ ”
ကျောင်းဆရာလည်း အားရဝမ်းသာနဲ့
“ ဟား .. သိပ်သိတာပေါ့ ။ တိုက်တန်းနစ်လေဗျာ ”
စိန့်ပီတာက ခေါင်းညိတ်ပြီး
“မောင်မင်းအဖြေ မှန်ပါတယ်။ ကောင်းကင်ဘုံက ကြိုဆိုပါတယ်ကွယ်” ။
ကျောင်းဆရာဝင်ခွင့်ရသွားတော့ နောက်တစ်ယောက် ... သူခိုးကို မေးပြန်တယ်။
“ အဲ့ဒီ တိုက်တန်းနစ် သင်္ဘောကြီးနစ်တော့ လူဘယ်နှစ်ယောက် သေဆုံးခဲ့ရသလဲ ဖြေပါ ။”
သူခိုးက ခေါင်းကုတ်ပြီး
“ အာ .. ဒါတော့ နည်းနည်းခက်တယ်ဗျ။ ဒါပေမဲ့ ကျနော် အဲ့ဒီရုပ်ရှင်ကြည့်ဖူးတယ်။ လူပေါင်း ၁၅၀၀ သေတယ်ဗျာ ”
“ right !! မောင်မင်းရဲ့ အဖြေလည်း မှန်ပါတယ်ကွယ်။ ကောင်းကင်ဘုံက ကြိုဆိုပါတယ် ”
သူခိုးလည်း ဝင်ခွင့်ရသွားပြီးတဲ့နောက် စိန့်ပီတာကြီးက ရှေ့နေဘက်ကို လှည့်ပြီး ပြုံးပြရင်း ပြောတယ် ။
“ အိမ်း .. နောက်ဆုံးတစ်ယောက်ကတော့ ရှေ့နေကလေးပဲ ။ ”
ရှေ့နေကလည်း ခပ်မိန့်မိန့် ပြန်ပြုံးပြပြီး
“ ဟုတ်ကဲ့ ။ သူတော်စင်ကြီး ဦးပီတာ ။ မေးချင်ရာသာမေးပါ ။ ”
“ကောင်းပါပြီ ရှေ့နေကြီးခင်ဗျာ ။ ဖြေကြည့်ပါဦး။ မေးခွန်းကတော့ သိပ်အခက်ကြီး မဟုတ်ပါဘူး ။
အဲ့ဒီ တိုက်တန်းနစ် သင်္ဘောပေါ်မှာ သေဆုံးသွားတဲ့ လူပေါင်း ၁၅၀၀ ရဲ့ နာမည်လေးတွေကိုပဲ ပြောပြပေးပါကွယ်။ ”
Tuesday, August 26, 2008
ဘယ်ကတည်းက အမြင်ကပ်နေလဲ မသိဘူးနော်
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
Thursday, August 21, 2008
အင်္ဂါဂြိုလ် သွားကြမလား
ပထမဆုံးအင်တာဗြူးဖြေတဲ့ အင်ဂျင်နီယာကို နာဆာအရာရှိက မေးတယ် ။
ငွေဘယ်လောက်လိုချင်သလဲပဲ ထပ်မေးတယ်။
ဆရာဝန်ကတော့ ဒေါ်လာ ၂ သန်း လိုချင်ပါတယ်တဲ့။ တစ်သန်းက ကျန်ရစ်သူ မိသားစုကို ပေးပြီး နောက်တစ်သန်းကိုတော့ ဆေးပညာဖွဲ့ဖြိုးရေး သုတေသနအတွက် လှူခဲ့ချင်ပါတယ် တဲ့။
နောက်ဆုံး အင်တာဗြူးဖြေတာကတော့ ရှေ့နေတစ်ယောက်
သူကတော့ ဒေါ်လာသုံးသန်း လိုချင်ပါတယ်လို့ ပြောတယ် ။
နာဆာက အရာရှိကြီးလည်း မျက်လုံးပြူးပြီး
စာရေးသူ
မိုးညညို
1 မှတ်ချက်များ
ကဏ္ဍ ဟာသ
Tuesday, August 12, 2008
ရယ်စရာဆိုတာက
အပေါ်က ကာတွန်းကတော့ နမူနာပါ။ အစမ်းပါ။
မရီရင်တောင် ပြုံးနိုင်လောက်ပါရဲ့။ မပြုံးဘူးဆိုရင်တောင် မဲ့သွားလောက်မယ်ဆိုလည်း ရပါတယ်။ ဟာသတွေ ကာတွန်းတွေ ဖတ်ပြီးတော့ ဘယ်လိုမှ မနေဘူး .. ဘယ်လိုမှ မဖြစ်ဘူး ဆိုရင်တော့ နီးစပ်ရာ စိတ်ကျန်းမာရေး အထူးကုဆီ သွားပြီး တိုင်ပင်လိုက်နော် .. လိုအပ်လို့ ရှေ့နေ ငှားမယ် ဆိုလည်း ဆက်သွယ်ပါ ။

လူရဲ့ ဝိသေသတွေထဲမှာ ရီခြင်း ပြုံးခြင်းတွေလည်း ပါတယ် ။ အသက်ရှည်ရာ ရှည်ကြောင်း ကိစ္စပါပဲ။
တနေ့တာအချိန်လေး အတွင်းမှာပဲ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တာမျိုး ၊ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တာမျိုးက အမောတွေကို ပြေစေပါတယ်။ စိတ်ဖိစီးမှုတွေ အတန်အသင့် ပြေစေနိုင်ပါတယ်နော်။
ဒါပေမဲ့ ဟာသတိုင်း ကာတွန်းတိုင်းက လူတိုင်းကို ရယ်မော ပြုံးရွှင်စေဖို့ မဖြစ်နိုင်ပါဘူး။ လူအားလုံးနဲ့ဆိုင်တဲ့ ဟာသဆိုရင်တော့ လူတိုင်းလိုလို ရယ်မောစေနိုင်ပေမဲ့ လောကအဝန်းအဝိုင်း တစ်ခုတည်းနဲ့ သတ်ဆိုင်တဲ့ဟာသဆိုရင်တော့ အဲ့ဒီလောကသားတွေပဲ နားလည်နိုင်ပြီး ရယ်မောစရာ ဖြစ်မှာပေါ့နော်။
သိပြီးသား ဟာသတွေဆိုရင်လည်း ရယ်မောစရာ မရှိတော့တာမျိုး ရှိသလို တချို့ဟာသတွေက ဘယ်နှစ်ခါ ဘယ်နှစ်ခေါက် ကြားပါစေ၊ ဖတ်ပါစေ ရယ်ရ ပြုံးရတာမျိုးလည်း ရှိပါတယ်။
မှတ်ချက်။
လူပြက်တွေ ပြောသလို မင်းဟာသက မရယ်ရလို့ ရယ်စရာကောင်းလိုက်တာကွာ ဆိုတာမျိုးတွေလည်း ရှိသည်။
မှတ်ချက်ရဲ့မှတ်ချက်။
လက်ရှိ နေ့စဉ်ထုတ်သတင်းစာတွေမှာဆို ဟာသတွေ အများကြီးပါတာပေါ့။ ဒါပေမဲ့ ကြားရဖန်များလို့ မရယ်ရသလို ဖြစ်နေတာမျိုးတွေ များပါတယ်။ မရယ်ရတဲ့အပြင် ငိုချင်စိတ်ပါ ပေါက်သွားနိုင်တဲ့ ဟာသတွေလည်း အများကြီးပေါ့ ။

စာရေးသူ
မိုးညညို
0
မှတ်ချက်များ
Saturday, August 9, 2008
ပျင်းတောင်ပျင်းသေး
တရားခွင်မှာ လာနားထောင်နေကြတဲ့သူနှစ်ယောက်ပြောနေကြတယ်။
“ ဒီဘက်က ရှေ့နေကြီးက အတော်ဆိုးတာပဲဗျ ။တရားခွင်မှာ သမ်း နေလိုက်တာများ သုံးခါ မကတော့ဘူး ။ ”
“ ခင်ဗျားက ဘာသိလို့လဲ ။ အဲ့ဒါ ဟိုဘက် ရှေ့နေကြီး အမှုစစ်နေတာကို ပျင်းတောင် ပျင်းသေးတယ် ဆိုပြီး အမူအရာနဲ့လုပ်ပြနေတာဗျ ။ ”
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
Friday, July 25, 2008
အထောက်အထား
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
ရှေ့တလှမ်းဆုတ်
ရိုစ့် ။ ။ ဒီမှာမောင်၊ မောင် ဆက်မကဲခင် မောင့်ကိုတခုကြိုပြောရအုံးမယ် ။
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
မထင်လိုက်ပါနဲ့
ယောက်ျားပျို ။ ။ မောင်သွားလို့မရတော့ဘူး ။
မိန်းမပျို ။ ။ မောင်က မကို အဲဒီလောက်ထိချစ်နေပြီပေါ့ ။
ယောက်ျားပျို ။ ။ မဟုတ်ဘူးလေ ။ မက မောင့်ခြေထောက်ကိုနင်းထားလို့ ။
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
စောင်းသွားလေသောအထင်
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
Tuesday, July 22, 2008
သူကလေးရဲ့အစွမ်း
သူကဘာသာမဲ့ကြီးဟ ။ ငရဲကိုလုံးဝယုံတာမဟုတ်ဘူး ။
အမလေး ဒီအတွက်တော့နင်ဘာမှတွေးပူမနေနဲ့၊ နင်နဲ့လက်ထပ်ပြီးရင် ဒီလူကြီး ငရဲကိုယုံလာမှာသေချာတယ်ဟ ။
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
ရေလာမြောင်းပေး
မိန်းမပျို ။ ။ ရှင် ကျွန်မကိုနမ်းနေတာ ဖေဖေ မမြင်စေနဲ့နော် ။
ယောကျာင်္းပျို ။ ။ ကိုယ် မင်းကို မနမ်းရပါလားကွာ ။
မိန်းမပျို ။ ။ ဟုတ်ပါတယ်၊တကတည်း နမ်းမယ်ဆိုရင်ပြောတာပါ ။
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
အနမ်းသူခိုး
ယောင်္ကျားလေး ။ ။ ဟာကွာ... မီးရထားလိုဏ်ဂူကြီးက ဒီလောက်ရှည်မှန်းသိရင် အချစ်ကို မောင်တခါမကဘူး အခါခါနမ်းမိမှာသိလား ?
မိန်းကလေး ။ ။ ဟင် ... မောင်အခါခါမနမ်းဘူးလား ?
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
ဗုဒ္ဓေါ
ယောကျာင်္လေး ။ ။ ကျွန်တော် ... ဦးသမီးကို လက်ထပ်ချင်ပါတယ် ။
မိန်းကလေးဖခင် ။ ။ မင်း ငါ့မိန်းမနဲ့တွေ့ပြီးပြီလား ?
ယောကျာင်္းလေး ။ ။ ဟုတ်ကဲ့တွေ့ပြီးပါပြီ၊ ဒါပေမယ့် ကျွန်တော်ဦးသမီးကိုပဲ ကျွန်တော်ကြိုက်တာပါ ။
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
မစစ်ပဲပေါ်
လူငယ် ။ ။ ဦး သမီးနဲ့ကျွန်တော်နဲ့ ချစ်သူတွေဖြစ်နေကြပါပြီ။ကျွန်တော်သူ့ကို လက်ထပ်ချင်ပါတယ်။
ဖခင် ။ ။ မင်းအရက်သောက်တတ်သလား ?
လူငယ် ။ ။ ဟာ ... ဦး ကလည်း အရေးကြီးတဲ့ကိစ္စအရင်ပြောပါအုံး။ ပြီးမှ သောက်ကြတာပေါ့ ။
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
မသေတဲ့အချစ်
ခင် ။ ။ ခင့်ကိုချစ်ရဲ့လားမောင် ?
မောင် ။ ။ သိပ်ချစ်တာပေါ့ခင်ရယ် ။
ခင် ။ ။ ဒါဆို ခင့်အတွက်ဆို မောင်သေမလား ?
မောင် ။ ။ ဟာ..ဘယ်သေမလဲခင်ရဲ့၊ မောင့်အချစ်က မသေတဲ့အချစ်လေ ။
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ, အချစ်ဆိုသည်မှာ
လက်တွေ့သမားများ
သူမ။ ။ ရှင်က ကျွန်မကို တကယ်ချစ်လို့လား ?
သူ။ ။ ချစ်တာပေါ့၊အရမ်းကိုချစ်တာ ။
သူမ။ ။ကျွန်မသေရင် ရှင်ငိုမှာလား ?
သူ။ ။ ငိုမှာပေါ့ ။
သူမ။ ။ ဟုတ်လို့လား၊မယုံပါဘူး၊လက်တွေ့ငိုပြပါလား ?
သူ။ ။ဒါဆို အရင်သေပြလိုက်လေ ။
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ, အချစ်ဆိုသည်မှာ
Thursday, July 10, 2008
သားမက်တို့အချိုး
ကောလိပ်ကျောင်းသူတစ်ဦးကသူ့ချစ်သူကိုမှာနေ၏။
"ကနေ့ညကတော့ မောင်လာလို့မဖြစ်ဘူးနော်၊
ဖေဖေသိပ်စိတ်ဆိုးနေတယ်သိလား။
မနေ့ညက သူ့ကားယူပြီး မတို့လျှောက်မောင်းကြတာကို သိသွားတယ်လေ"
"ဟာ..ဘယ်လိုလုပ်သိသွားတာလဲ၊ဒုက္ခပါပဲကွာ"
“ဟောတော့..
မောင်မေ့သွားပြီလား၊
မတို့ဖေဖေ့ကို ၀င်တိုက်မိကြတယ်လေ”
စာရေးသူ
မိုးညညို
0
မှတ်ချက်များ
ကဏ္ဍ ဟာသ
