Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts

Wednesday, August 13, 2008

စိတ်ညစ်မှာစိုး

“ စိတ်ညစ်မှာစိုး ” 
L.လွန်းဝါနဲ့ ဆူဇီက ဆိုထားတဲ့ စုံတွဲသီချင်းလေး ။ လမ်းခွဲနူတ်ဆက်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ ခံစားချက်လေးတွေ ... ။ သီချင်းရေးတဲ့သူက မိုးသစ် ဖြစ်ပါတယ် ။ သီချင်းစာသားတွေနဲ့ ယှဉ်လိုက်မယ်ဆို သီချင်းခေါင်းစဉ်က အရမ်းပေါ့နေသလိုပဲ ။ စိတ်ညစ်မှာ စိုးရုံလောက်နဲ့ လမ်းခွဲနူတ်ဆက်စရာလားနော် ။ ခေါင်းစဉ်ကလွဲရင် သီချင်းစာသားတွေနဲ့ ဆိုသူ နှစ်ယောက်လုံးရဲ့ အသံတွေပါ ကြိုက်မိပါတယ်။ 
တိုက်ဆိုင်နေတာလည်း ပါမှာပေါ့ ။ 
တခါတလေတော့လည်း အချစ်ဆိုတာက ဘာမှန်းမသိတဲ့အရာကြီးနဲ့ ခေါင်းချင်းဆိုင်ပြီး တိုက်ပစ်ချင်လောက်အောင်ကို ဖမ်းစားနှိပ်စက်နိုင်လွန်းတာပဲ ။ 
ဒီတော့ တိုက်ဆိုင်သူများနားထောင်ဖြစ်ရင်လည်း ဆိုင်ပြီး တိုက်ပစ်လိုက်ပါလို့ ...... 
နားထောင်ကြည့်လိုက်ပါဦး။ သီချင်းနဲ့ တပါတည်း ခံစားဖို့ စာသားတွေလည်း ရေးပေးလိုက်ပါတယ်။ 



ကြယ်ရောင်ပျောက်သော ကိုယ့်ရဲ့ညတွေထဲ မခိုလုံချင်နဲ့ နွေးထွေးမှု မရှိဘူး
မရေရာနိုင်တဲ့ ကိုယ့်ရဲ့နေ့တွေထဲ ကြင်နာသူလေး စိတ်ညစ်ရမှာပဲ

အခြေအနေတွေခြားနေတယ် သေချာတာတော့ ဝေးကြရမှာပဲ
ယုံကြည်မျှော်လင့်ခြင်းတွေလည်း တကယ်တမ်း လက်တွေ့တော့ မလွယ်ဘူး
ချစ်သူလေး ....

အမှောင်တွေဝေတဲ့ လောက လမ်းတွေထဲ အတူတူလျှောက်လှမ်းသွားဖို့မဖြစ်နိုင်ဘူး
နှောင်တွယ်နေတဲ့ တို့ရဲ့ လက်တွေလည်း ဒီချိန်မှာတော့ ရှေ့ဆက် မမြဲသင့်ဘူး

တကယ်ဆိုရင် အချစ်ဆိုတာ သေချာတာတော့ ဘဝနဲ့ တခြားစီပဲ
အရာရာ ရင်ဆိုင်သွားချင်လည်း စိတ်ကူးထဲကလောက် မလွယ်ဘူး
ချစ်သူလေး .....

နူတ်ဆတ်ပါတယ် ထွက်သွားတော့ မင်းမျက်ဝန်းက မငိုနဲ့တော့
ချစ်ခဲ့တာတွေ မေ့ထားတော့ ကိုယ့်ရဲ့ အနားနား မလာနဲ့တော့
အိပ်မက်တွေရယ် ချန်ခဲ့တော့ မင်းဘဝမင်းပဲ လျှောက်လှမ်းတော့
မသာယာတဲ့ ကိုယ့်ဘဝနေ့များထဲ မလှမ်းခဲ့ပါနဲ့ ချစ်သူလေး

ပြန်ဆုံစရာလမ်း နောက်ထပ် မရှိတော့ဘူး
ရည်ရွယ်ချက်များ တစ်ခုမှ ဖြစ်မလာဘူး
မျှော်နေခွင့်လည်း တို့အတွက် မရှိတော့ဘူး
ကံကြမ္မာကိုပဲ အပြစ်ဖို့ရင်း ကိုယ်ရူး


မှတ်ချက်။
စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုထားတဲ့ အချစ်ကို ဦးစားပေးခဲ့သူ ဆိုတဲ့ သီချင်းကိုလည်း မဆီမဆိုင် သတိရမိတယ်။
မှတ်ချက်ရဲ့မှတ်ချက်။
သူတို့က ရေးသားရေး ဆိုသာဆိုခဲ့ကြတာ။ တကယ်တမ်း ဦးစားပေး မပေး ။ ခုထိတိုင်အောင် အချစ်ကို ဦးစားပေး မပေး ဆိုတာကတော့ လူချင်းတွေ့မှသာ မေးတော့။ စိုင်းထီးဆိုင်ကို မေးချင်ရင်တော့ မှီရာကားနဲ့သာ လိုက်သွားနော် ။

Saturday, September 15, 2007

ဖြည်းဖြည်း ညှင်းပါ ...


ဖြည်းဖြည်းညှင်းပါ

အကြင်နာတွေ သိုးလို့ အမူအယာတွေ ခါးလို့
ဒီလူကို ငြီးငွေ့သွားရင် ရှင်းရှင်းပြောပါ
မထင်ရင် နင် ဖြတ်လိုက် တော်ကြာ ပြန်ဆက်လိုက်
အူကြောင်ကြောင် ငါ့ရဲ့အဖြစ်ကို ၀မ်းနည်းလိုက်တာ
ချစ်မိတဲ့ ငါ့အတွက်တော့ မင်းကို အပြစ်နဲ့ မကြည့်ပါ
ချစ်လို့နေတာ ...
ဒါပေမဲ့ ကြာလာရင် မလွယ်ဘူး မင်းဖြစ်တော့မယ် ...
လူသတ်မှု ...

ဖြည်းဖြည်းသတ်ပါ ... ငါ့ကို ဖြည်းဖြည်း ညှင်းပါ ...
ဖြည်းဖြည်းသတ်ပါ ... ငါ့ကို ... ငါ့ကို
ဖြည်းဖြည်းညှင်းပါ ... ငါ့ကို ဖြည်းဖြည်းသတ်ပါ ...
ဖြည်းဖြည်းသတ်ပါ ... ငါ့ကို ... ငါ့ကို

ဟိုလူနဲ့ တွဲလိုက် ဒီလူနဲ့ တွဲလိုက်
အချိန်တန်ရင် မင်းစိတ်ဖောက်ကာ ငါ့ဘက် ရောက်လာ
ဆင်ခြေတွေ အထပ်ထပ် အံတိုပြီ ငါ့အတွက်
ဆယ်ခါပြန် ဒူးထောက်လိုက်ပြီ မင်းရဲ့ ရှေ့မှာ
ချစ်မိတဲ့ ငါ့ အတွက်တော့
မင်းဟာ ပြောင်းလဲတတ်တာ အပြစ်လို့ မမြင်ပါ
ဒီပုံစံ ကြာလာရင် မလွယ်ဘူး မင်းဖြစ်တော့မယ် ...
လူသတ်မှု ....

Sunday, September 9, 2007

အရေးမကြီးဘူး


အချစ်က ဘာမှ အရေးမကြီးဘူး

အလွမ်းများ

လွမ်းလို့ ..........